ဝါးခယ်မ ဇူလိုင် ၁၆
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံသူ(၆)ဦး ထမ်မံ တွေ့ရှိခဲ့ ကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၏ ဇူလိုင်လ ၁၅ ရက်နေ့ညနေ သတင်းထုတ်ပြန် ချက်အရသိရသည်။
ပိုးတွေ့လူနာများမှာ မြို့ပေါ်ရပ်ကွက်မှ(၂)ဦး၊ ကျုံမငေးမြို့မှ(၂)ဦး၊ ကျေးရွာများမှ(၂)ဦးစုစုပေါင်း (၆)ဦး ဖြစ်ပြီး ပိုးတွေ့လူနာများအား ဝါးခယ်မမြို့ပြည်သူ့ဆေးရုံနှင့် ကျုံမငေးတိုက်နယ်ဆေးရုံတို့တွင် ကျန်း မာရေးစောင့်ရှောက်ကုသပေးလျှက်ရှိသည်။
ဝါးခယ်မမြို့နယ်အတွင်းရဟန်း(၃)ပါး၊ ကျား (၄၅)ဦး၊ မ(၅၇) ဦး၊ စုစုပေါင်း (၁၀၅)ဦးရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ ကျား(၂၅)၊ မ(၂၄)၊ ပေါင်း(၄၉)ဦး၊ ကုသမှု ခံယူဆဲလူနာ ရဟန်း(၂)ပါး၊ ကျား(၁၈)ဦး၊ မ(၂၈)ဦး၊ ပေါင်း(၄၈)ဦး၊ သေဆုံးလူနာ ရဟန်း(၁)ပါး၊ ကျား(၂)ဦး ၊ မ(၅)ဦး၊ ပေါင်း(၈)ဦးဖြစ်ကြောင်း သိရှိရသည်။
စောသန္တာဦး