Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ(၄၃၄)သိန်းထုတ်ချေးပေး
Aug 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရန်ရည်ရွယ်၍ ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေ(၄၃၄)သိန်း ကို ယနေ့နံနက် (၁၀) နာရီက ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု များပြားနေသဖြင့် မြို့အတွင်းရှိ စျေးအားလုံး ယာယီပိတ်သိမ်းမည်
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု များပြားနေသဖြင့် သြဂုတ် ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကောလင်းမြို့အတွင်းရှိ စျေးအားလုံး ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်အတွက် ဆွမ်း၊ ဆန်များ ဆက်ကပ်လှူဒါန်း
Aug 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုင်းယောင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ၆၁၀၀ ဦး ထိုးနှံပြီးစီး
Aug 09,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ (မြို့ပေါ်နေပြည်သူ)နှင့် သမ္ဘူလတိုက်နယ်စုရပ် ၊ ရွှေပန်းတောတိုက်နယ်အုပ်စု၊ ကျောက်ပန်းတောင်းအုပ်စု၊ ပြလို့တိုက်နယ်အုပ်စု၊ ညောင်ပင်ဆိပ်တိုက်နယ်အုပ်စု၊ စခန်းကြီးစုရပ်နှင့် ရေနံကြီးတိုက်နယ်စုရပ် စုစုပေါင်း(၈) နေရာခွဲ၍ ထိုးနှံပေးခဲ့ရာ
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ်တွင် နေအိမ်ပြင်ပ ထွက်သူများအား စစ်ဆေးအရေးယူ ဆောင်ရွက်
Aug 09,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ယနေ့နံနက် ၁၀နာရီမှစ၍ နေအိမ်ပြင်ပသို့ ထွက်သူများအား မြို့အဝင် သုခိတစံကျောင်းတော်ရှေ့တွင် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် မိုင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် မိုင်းအန္တရာယ်နှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် မိုင်းအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်အတွင်းရှိ Stay at home (နေအိမ်နေထိုင်ရေး) အကျုံးဝင်ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်မှုမရှိပါက စစ်ဆေးအရ…
Aug 09,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ Stay at home (နေအိမ်တွင်နေထိုင်ရေး) အကျုံးဝင်ပြည်သူများ အနေဖြင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအချိန်အတွင်း ကျန်းမာရေးကိစ္စနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှအပ နေအိမ်ပြင်ပထွက်ခွာသွားလာခြင်းမပြုရန် အသိပေးကြေညာခဲ့ပြီးဖြစ်ရာ သတ်မှတ်ထုတ် ပြန်ထားသည့်စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်မှုမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာသွားလာပါက အရေးယူဆောင်ရွက်နိုင်ရေး ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံ၊လမ်းခွများတွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့ မဈေးနှင့်ရွာဈေးများအား ဩဂုတ်လ၁၀ရက်နေ့မှစ၍ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ နေ့တစ်ဝက်ပြန်လည်ဖွင့်ခွင့်ပြုမည်
Aug 09,2021
လက်ပံတန်းမြို့ နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသော လုပ်ပြည်သူများ အနေဖြင့် ဈေးရောင်းဈေးဝယ် အဆင်ပြေချောမွေ့စေရေးအတွက် ပထမအဆင့်အနေဖြင့် ကိုဗစ်၁၉ စည်းကမ်းချက်များနှင့်အညီ ဩဂုတ်လ ၁၀ရက်နေ့မှစ၍ မြို့မဈေး၊ ကျွန်းကလေးဈေး၊ သာရဝေါနှင့်ခမုံကျေးရွာဈေးများအား နံနက် ၆နာရီမှ ၁၂နာရီအတွင်း ကိုဗစ်၁၉ စည်းကမ်းချက်နှင့်အညီ နေ့တစ်ဝက်ပြန်လည်ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26197
Page
26198
Page
26199
Page
26200
Current page
26201
Page
26202
Page
26203
Page
26204
Page
26205
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department