Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အောင်မြေသာစံမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော ညွှန်ကြားချက်များအား လိုက်နာမှုရှိမရှိ စစ်ဆေး
Aug 09,2021
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားရာ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှု ရှိမရှိကို မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီကလည်း ၁၉လမ်း၊ ၅၇လမ်းနှင့်၅၈လမ်းကြားတွင် အထိုင်ဂိတ်ဖွင့်လှစ်၍ စစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဆက်လက်ထိုးနှံပေး
Aug 09,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းအထကကျောင်းတွင် ယမနေ့(၉)နာရီမှ စတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့နယ်အတွင်းရှိ အများပြည်သူများ ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုခံယူနိုင်ကြောင်း အသိပေးကြေညာ
Aug 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုခံယူနိုင်ကြောင်း အသိ ပေးကြေညာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် ဖလံဗိုလ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လိုက်နာရမည့်အချက်များ ပြည်သူများသိရှိစေရန်အသိပညာပေး နှိုးဆော်
Aug 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဖလံဗိုလ် ကျေးရွာတွင် ကျန်းမာရေး ၀န်ကြီးဌာန ကထုတ်ပြန်ထားသော ညွှန်ကြားချက်များ ပြည်သူများ တိတိကျကျ လိုက်နာဆောင်ရွက်စေရန် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးနှင့် ၀န်ထမ်းများက ယနေ့ နံနက် (၈) နာရီ၌ ဖလံဗိုလ်ကျေးရွာအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာသစ်(၂၁)ဦးထပ်မံတွေ့ရှိ
Aug 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် ဆက်စပ်သည့်သူများ၊ အနံ့မရခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း၊ သံသယလူနာနှင့် ဆက်စပ်ထိတွေ့ခြင်းစသည့်ကျန်းမာရေး အခြေအနေများကြောင့် ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် သက်ဆိုင်ရာကျေးရွာအုပ်စုများရှိ တိုက်နယ်ဆေးရုံများတွင် Rapid Antigen Diagnostic Test Kit (RDT)ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ (Positive) ရောဂါပိုးတွေ့ရှိသူ(၂၁) ဦးတွေ့ရှိပြီး ၎င်းပိုးတွေ့ရှိများနှင့်ထိစပ်ခဲ့သူများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ (သီးခြားနေအိမ်)များတွင် Home Base Facility Quarantine အဖြစ် အသွားအလာကန့်သတ်စောင့်ကြည့်ထားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရောဂါကူးစက်ခံရသူပြည်သူများအား ဆန်များထောက်ပံ့
Aug 09,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရောဂါကူးစက်ခံပြည်သူများနှင့်၄င်းတို့၏မိသား စုဝင်များအား ဂျပန်နိုင်ငံပြည်သူများမှဆန်များ ထောက်ပံ့လှူဒါန်းခဲ့ရာ လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ အခက်အခဲမရှိစေရန် ဆောင်ရွက်
Aug 09,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်စပ် လျဉ်း၍ အခက်အခဲမရှိစေရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်
Aug 09,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26200
Page
26201
Page
26202
Page
26203
Current page
26204
Page
26205
Page
26206
Page
26207
Page
26208
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department