ပခုက္ကူမြို့နယ်အတွင်းရှိ Stay at home (နေအိမ်နေထိုင်ရေး) အကျုံးဝင်ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်မှုမရှိပါက စစ်ဆေးအရေးယူ သွားမည်

ပခုက္ကူ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ Stay at home (နေအိမ်တွင်နေထိုင်ရေး) အကျုံးဝင်ပြည်သူများ အနေဖြင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအချိန်အတွင်း ကျန်းမာရေးကိစ္စနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှအပ နေအိမ်ပြင်ပထွက်ခွာသွားလာခြင်းမပြုရန် အသိပေးကြေညာခဲ့ပြီးဖြစ်ရာ သတ်မှတ်ထုတ် ပြန်ထားသည့်စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်မှုမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာသွားလာပါက အရေးယူဆောင်ရွက်နိုင်ရေး ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံ၊လမ်းခွများတွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်သည် ဇူလိုင်လ ၂၁ ရက်မှစတင်ပြီး Stay at home (နေအိမ်တွင်နေထိုင်ရေး) အကျုံးဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ စနစ်တကျဖွင့်လှစ်ပြီး ကြပ်မတ်စစ်ဆေးခြင်း၊ နေအိမ်ပြင်ပထွက်ခွာသွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေး လှုပ်ရှားမှုများဆောင်ရွက်ခြင်း၊ မြို့မဈေး၊ ယာယီပျံကျဈေးများနှင့် ဆေးဆိုင်များတွင် စားသောက်ကုန်နှင့်ဆေးဝါးပစ္စည်းများကိုသာ ဖွင့်လှစ်ရောင်းချစေခြင်း၊ အဆိုပါဈေးနှင့်ဆေးဆိုင်များအား နံနက် ၄ နာရီမှ ၁၀ နာရီအထိသာ ရောင်းချစေပြီး သတ်မှတ်နေရာ အကွာအဝေး၌သာ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်စေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေခြင်းများကို  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်ကော်မတီဝင် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ကြကြောင်း၊ ကျန်းမာရေးကိစ္စနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှအပ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အတွင်း နေအိမ်ပြင်ပထွက်ခွာ သွားလာခြင်းမပြုကြရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သတ်မှတ်ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်မှုမရှိဘဲ ထွက်ခွာနေ ကြသည့် ပြည်သူများ တွေ့ရှိပါက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှစတင်ပြီး တည်ဆဲဥပဒေအရ စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့တွင် မြို့ပေါ် ရပ်ကွက်များရှိ လမ်းဆုံ၊လမ်းခွများတွင် နံနက် ၁၀နာရီမှ ညနေ ၅ နာရီအတွင်း နေအိမ်ပြင်ပ ထွက်ခွာသွား လာသူတွေ့ရှိပါက အရေးယူဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြကြောင်း ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်က ပြောသည်။

ဆလိုင်းကိုကီး