ရွှေကျင် ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ယနေ့နံနက် ၁၀နာရီမှစ၍ နေအိမ်ပြင်ပသို့ ထွက်သူများအား မြို့အဝင် သုခိတစံကျောင်းတော်ရှေ့တွင် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် နေအိမ် ပြင်ပသို့ထွက်လာသူများအား နေအိမ်ပြင်ပထွက်ခွာခွင့် ကတ်ပြား ပါမပါစစ်ဆေးခြင်း၊ လမ်းသွားလမ်းလာများအား အပြင်ထွက်ခွင့်ကတ်ပြားပါမှသာ နေအိမ်ပြင်ပသို့ထွက်ခွာရန် အသိပေး ပြောကြားခြင်း နှင့် ခိုင်လုံသော အကြောင်းပြချက် မရှိပဲ အပြင်ထွက်လာသူများအား မြို့နယ်ကိုဗစ်ကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာမှုမရှိသဖြင့် ဒဏ်ငွေ ဆောင်စေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းများကို တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများက နေ့စဥ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)