လှိုင်းဘွဲ ဩဂုတ် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် မိုင်းအန္တရာယ်နှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် မိုင်းအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် အကျွမ်းတဝင် မဖြစ်သော အရာဝတ္ထုများ တစ်ခုခုတွေ့ပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် မချဉ်းကပ်ပါနှင့်မထိပါနှင့်၊ စွန့်ခွာထားသော(သို့)ဖျက်ဆီးထားသော အဆောက်အဦနှင့်စစ်ပွဲဖြစ်ခဲ့သော နေရာများသည် မိမိအတွက် အန္တရာယ်ရှိသော မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသော အရာဝတ္ထု ခဲယမ်းများ ရှိနိုင်သဖြင့် ချဉ်းကပ်ခြင်း မလုပ်ပါနှင့်၊ ဒေသနှင့် တရားဝင်အန္တရာယ်အသိပေး အမှတ်အသားများကို သတိပြုပါ၊ မြေမြုပ်မိုင်းနှင့်မပေါက်ကွဲသေးသော အရာဝတ္ထု လက်နက်ခဲယမ်းများသည် လွန်စွာ ထိရှလွယ်ပြီး အသာလေးထိရုံနှင့် ပေါက်ကွဲနိုင်ပါသည်၊ မသင်္ကာဖွယ် အရာဝတ္ထုများ တွေ့ပါက ခဲနှင့်ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းမပြုလုပ်ပါနှင့်၊ မိမိသိထားသော မိုင်းအန္တရာယ် အသိပညာဗဟုသုတနှင့် အန္တရာယ် ကင်းရှင်းရေး သတင်းစကားများကို သင်၏ သူငယ်များနှင့်မိသားစုကို ဝေမျှပါ၊ ဤသို့လုပ်ခြင်းဖြင့် သူတို့၏ အသက်များကို ကယ်တင်နိုင်ပါသည် စသည့် ဆောင်ရန်/ရှောင်ရန် အချက်များ ပါဝင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)