Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သန်လျင်မြို့နယ် အေးသာယာရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်အား ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Oct 12,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက်၊ မဉ္ဇူလမ်း(၃၀)၌ သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်အား ဆေးဖြန်းခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Oct 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ထီကွေ့ကျေးရွာအုပ်စု၊ တောင်သူ ဦးဝင်းနိုင်၏ ကွင်းအမှတ် (၇၀)၊ ဦးပိုင်အမှတ် (၂/၁)၊ အောင်နိုင်တိုးစပါး မျိုးစံပြကွက် လယ်မြေ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 12,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ပထော်ကျေးရွာနှင့် ပထက်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၌ မအူပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ယမန်နေ့နံနက်ပိုင်းက ဦးကျော်ကျော်ထွေး အင်ဂျင်နီယာချုပ်(မြို့ပြ) ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)မှ အမျိုးသမီးသင်တန်းသူ (၃၄၄၅) ဦး သင်ကြားမွေးထုတ်ပေးနိုင်ခဲ့
Oct 12,2025
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့်စက်ချုပ်ပညာ သင်တန်းများအပြင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပခုက္ကူ)မှ ယနေ့အထိ အမျိုးသမီးငယ် သင်တန်းသူ(၃၄၄၅)ဦး သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲကျင်းပ
Oct 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် အကြိုအခြေခံမီးသတ်ပညာသင်တန်း (၂/၂၀၂၅)သင်တန်းဆင်းပွဲကို ဝိဇ္ဇာဓမ္မသာသနာ့ဗိမာန်၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္…
Oct 12,2025
ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှမိုး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအုန်းခင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ တီဘီရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်
Oct 12,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က သန်လျင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2613
Page
2614
Page
2615
Page
2616
Current page
2617
Page
2618
Page
2619
Page
2620
Page
2621
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department