အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2024
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများနေ့အထိမ်းအမှတ်အဖြစ်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်က ပူးပေါင်းအဖွဲ့များက ဘိုးဘွားများနေ့အိမ်များသို့ သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
Oct 02,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ(၁)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 02,2024
မန္တလေးတိုင်း သန်းခေါင်စာရင်း‌‌ကြီးကြပ်မှုကာ်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရမှူးချုပ် ဦးဝေဇင်ထွန်းနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်အတွင်း လူဦးရေနှင့်အိမ်အကြာင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများကို လာရောက်ကြည့်ရှု အားပေးကြသည်။
Oct 02,2024
ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်ခရိုင် ၊ တံတားမြို့၌ ၂၀၂၄ ခုနစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် (၇) နာရီမှစတင်၍  တံတားမြို့ပေါ်ရပ်ကွက်များအတွင်း စာရင်းစစ် စာရင်းကောက်အဖွဲ့များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
Oct 02,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းကစ၍ နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီသီး၌ စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Oct 02,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အ-ထ-က အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
Oct 02,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၏ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဦးဆောင်ကာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် မြို့နယ်အတွင်းကွင်းဆင်းကောင်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။