Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စကုမြို့၌ World Sight Day အထိမ်းအမှတ်အဖြစ် အခမဲ့ ဆေးကုသပေးခြင်းများ ဆောင်ရွက်
Oct 11,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက World Sight Day အထိမ်းအမှတ်အဖြစ် အခမဲ့ ဆေးကုသပေးခြင်းများကို ယနေ့နံနက်ပိုင်းက စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံများနှင့် တွေ့ဆုံ
Oct 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြိတ်ကက်သလစ်သာသနာနှင့်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော ဒေသခံတိုင်းရင်းသားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအစီအစဉ်အတွက် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့နံနက် ၉ နာရီအချိန်က ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဝါးချောင်းကျေးရွာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အထူးပြုဘာသာရပ်များ မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်
Oct 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏ Grade-12 ကျောင်းသား၊ ကျောင်းသူများအတွက် အထူးပြု ဘာသာရပ်များ မိတ်ဆက်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်နေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဦးစွာ ထားဝယ်တက္ကသိုလ်မှ ဆရာ/မများက မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
မဲပေးစက် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာ ဖြစ်သင်တန်းဖွင့်လှစ်
Oct 11,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲ ပေးစက်(MEVM)ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းကို အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက မြို့တော်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ
Oct 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင…
Oct 11,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်း တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှကျောင်းသား၊ ကျောင်းသူများ ကျန်းမာ သန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပတိရုပ် ကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ခြင်များ ပေါက်ဖွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြတ်များနှင့် ပလပ်စတစ်အမှိုက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့မစျေး၌ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများဆောင်ရွက်
Oct 11,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေးကြီး တွင်မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများ၊ စျေးတာဝန်ခံဦးရဲကြည်ဆွေနှင့် စျေးကော်မတီဝင်များ၊ စျေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်တရားလွှတ်တော်ရုံး RC (၄)ထပ် အဆောက်အဦသစ် တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပြီး မြေနေရာအား ကြည့်ရှုစစ်ဆေး
Oct 11,2025
ကချင်ပြည်နယ်၏ တရားရေးမဏ္ဍိုင်အတွက် အဓိကကျသည့် ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စတင်တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်စိုးရအဖွဲ့နှင့် ပြည်နယ်တရားလွှတ်တော်ရုံးတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2617
Page
2618
Page
2619
Page
2620
Current page
2621
Page
2622
Page
2623
Page
2624
Page
2625
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department