Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေး ပေးအပ်
Sep 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲ ရှောင်စခန်းများတွင် ခိုလှုံရန်ရောက်ရှိနေကြသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့နံနက် ၈ နာရီက သတ်မှတ်စုရပ်(၃)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကာကွယ် ဆေးများအား ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်ရပ်ဝန်း နယ်စပ်ဒေသ တိုင်းရင်းသားများ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စီမံချက်ဖြင့် စတင်ဆောင်ရွက်
Sep 11,2021
မူဆယ်ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ မန့်ဟီးရိုး၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်များရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးနိုင်ရေး စီမံချက်ဖြင့် တရုတ်နိုင်ငံမှ ထောက်ပံ့လှူဒါန်းသော Sinophram အမျိုးအစား ဆေးအလုံးပေါင်း(၂)သိန်းမှ ပထမအကြိမ် ရောက်ရှိလာသော ဆေးလုံး (၁၀၀၀၀) စတင်ထိုးနှံမှုကို ယနေ့စတင်ထိုးနှံနေပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံခဲ့ရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူများ၏ စကားသံများ
Sep 11,2021
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းသည် ပြည်သူများအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သကဲ့သို့ ကာကွယ်ဆေး၏အာနိသင်သည်လည်း အကျိုးသက်ရောက်မှုရှိသည့်အတွက် လူတိုင်းထိုးနှံ သင့်ကြောင်း ကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများမှ အသက်(၄၅)နှစ်အထက်ဒေသခံပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 11,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ နေရပ်စွန့်ခွာခိုလှုံနေကြသည့် တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများရှိ အသက်(၄၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အား သတ်မှတ် စုရပ်အသီးသီးတွင် ယမန်နေ့နံနက်ပိုင်းစ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄၈) ရပ်ကွက် ဗထူးလမ်းရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ထားသော ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ စတင်ပြီး မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် တီဘီဆေးသောက်သုံးနေသူ လူနာ(၇၈)ဦးအား စားသောက်ကုန်များ ထောက်ပံ့
Sep 11,2021
စက်တင်ဘာလ ဒုတိယပတ် (စနေနေ့) တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်း အထိမ်းအမှတ်အဖြစ် ရွှေပြည်သာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် (MNNCA) တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ တီဘီဆေး သောက်သုံးနေသော လူနာ(၇၈) ဦးအား စားသောက်ကုန်များ ထောက်ပံ့ခြင်းကို ယမန်နေ့နံနက် ၁၀နာရီက အမှတ်(၂၀)ရပ်ကွက်ရှိ လူမှုအထောက်အကူပြုရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25752
Page
25753
Page
25754
Page
25755
Current page
25756
Page
25757
Page
25758
Page
25759
Page
25760
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department