ရွှေပြည်သာ စက်တင်ဘာ ၁၁
စက်တင်ဘာလ ဒုတိယပတ် (စနေနေ့) တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်း အထိမ်းအမှတ်အဖြစ် ရွှေပြည်သာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် (MNNCA) တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ တီဘီဆေး သောက်သုံးနေသော လူနာ(၇၈) ဦးအား စားသောက်ကုန်များ ထောက်ပံ့ခြင်းကို ယမန်နေ့နံနက် ၁၀နာရီက အမှတ်(၂၀)ရပ်ကွက်ရှိ လူမှုအထောက်အကူပြုရုံးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ပြုလုပ်ရာတွင် ရွှေပြည်သာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ၊ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဒေါ်ခိုင်ခိုင်ယုက တီဘီဆေး သောက်သုံးနေသော သူများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များ၊ တီဘီရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ထို့နောက် တီဘီဆေးသောက်သုံးနေသူလူနာ (၇၈)ဦးအား ကိုဗစ်ကာလအတွင်း စားသောက်မှုများ အဆင်ပြေစေရန်အတွက် လူနာတစ်ဦးလျှင် ဆန် (၅)ပြည်၊ ကြက်ဥ (၁၀)လုံး၊ ပဲ(၁)ပိဿာ၊ ဆီ(၁)ပိဿာနှင့် ကွေကာထုပ်(၁)ပါကင်စီတို့ကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် (MNN-CA)တို့က လူနာများ လက်ဝယ်အရောက် စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)