မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံခဲ့ရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူများ၏ စကားသံများ

 
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းသည် ပြည်သူများအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သကဲ့သို့ ကာကွယ်ဆေး၏အာနိသင်သည်လည်း အကျိုးသက်ရောက်မှုရှိသည့်အတွက် လူတိုင်းထိုးနှံ သင့်ကြောင်း ကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
အဆိုပါ ကာကွယ်ဆေးသည်ရောဂါကာကွယ်၊ထိန်းချုပ် ရေးပိုင်းတွင် အဓိကကျတဲ့ အတွက် ကာကွယ်ဆေးထိုးနှံထားသူဖြစ်ပါက ၎င်းထံမှ ရောဂါပိုးထွက်ရှိမှုနှုန်းနည်းပါးမှာဖြစ်ပြီး ကူးစက်မှု နှုန်းလျော့နည်းမှာဖြစ်ကာ ကာကွယ်ဆေးထိုးထားသူများအနေဖြင့် ရောဂါ ပြင်းထန် စွာ ခံစားရမှုနှင့် အသက်ဆုံးရှုံးခြင်းတို့မှ ကာကွယ်နိုင်မှာဖြစ်ပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံခဲ့ရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူများ ၏ စကားသံများကို ဖော်ပြအပ် ပါသည်။
 
ဒေါ်ခင်မာကြည်
(ခရိုင်သစ်တောဦးစီးဌာန၊ မော်လမြိုင်မြို့နယ်)
 
ကျွန်မတို့အနေနဲ့အပြင် သိပ်မထွက်ဖြစ်ပါဘူး၊ အလုပ်ရှိမှ ထွက်ဖြစ်ပါတယ်၊ ကူးစက်ခံရမှုက တော့ ဆေးစစ်တဲ့အခါမှ သိရပါတယ်၊ ကျွန်မဆေးထိုး ထားတဲ့အတွက် ဒီကုသရေးစင်တာ ရောက်တဲ့ အထိ ဘာမှမဖြစ်ပါဘူး၊ မခံစားရပါဘူး၊ဆေးထိုးထားတဲ့အတွက်ကြောင့်လို့ ထင်ပါတယ်၊
ကျန်းမာရေး စောင့်ရှောက်မှုအနေနှင့်ကတော့ မနက်တစ်ခါ၊ ညနေတစ်ခါ ကိုယ်အပူချိန် တိုင်းပေး ပါတယ်၊ သွေးတိုင်းပေးပါတယ်၊ အောက်ဆီဂျင် စစ်ပေးပါတယ်၊ အစားအသောက် တွက်ကတော့ တစ်နေ့လျှင် သုံးကြိမ်ဆောင်ရွက်ပေးပါတယ်၊ ဂရုတစိုက်ဆောင်ရွက်ပေး ပါတယ်၊ ကျွန်မအမြင်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး သားဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်မခံစား ရပါဘူး၊ ရောဂါ ဖြစ်ပေမယ့်လည်း ချောင်းမဆိုးဘူး၊ ကိုယ်လည်းမပူဘူး၊ နောက်တစ်ခုအနံ့ ပျောက်ပေမယ့်(၄)ရက်၊ (၅)ရက်လောက်ခံစားရပါတယ်၊တခြားဘာမှတော့မဖြစ်ပါဘူးမခံစားရပါဘူး၊ကိုဗစ်-၁၉ကာကွယ် ဆေး ထိုးထားတဲ့အတွက် မခံစားရဘူး ထင်ပါတယ်၊ ကာကွယ်ဆေးမထိုးထားတဲ့သူတွေ အတွက်ကတော့ ပြင်းပြင်းထန်ထန်ခံစားရမယ်လို့ ထင်ပါတယ်၊ ကျွန်မတို့ကာကွယ်ဆေး ထိုးထားတဲ့သူတွေတောင် အဲ့သည်အချိန်မှာ အသက်ရှုရင်ဘတ်အောင့်ခံစားရပါတယ်၊ ဆေးမထိုးတဲ့သူ နှစ်ဆလောက်ပိုခံစားရမှာပါ၊ ကာကွယ်ဆေးထိုးသင့်ပါတယ်၊ ဆေးထိုးထား တဲ့လူ နှင့်ဆေးမထိုးထားတဲ့လူ အရမ်းကွာခြားပါတယ် ၊ ကျွန်မတို့ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်၊ အဲတာကြောင့် ကာကွယ်ဆေး လူတိုင်းထိုးသင့်တယ်လို့ တိုက်တွန်းချင် ပါတယ်ရှင်။
ဒေါ်ခင်နှင်းသီတာထွန်း
(ပညာရေးဌာန၊ ချောင်းဆုံမြို့နယ်)
ကျွန်မကူးစက်မှုခံရတာကတော့ ပိုက်ဆံကတစ်ဆင့် ကူးစက်ခံရတယ် လို့ထင်ပါတယ် ပိုက်ဆံကို ခါတိုင်းဆို ပုံမှန် Spray ဖြန်းပါတယ်၊ အခုတလောမဖြန်းဖြစ်တဲ့အတွက် ကူးစက်မှုခံရတယ်လို့ထင်ပါတယ်၊ ဖြစ်ခါစနှာစေးပြီး လည်ချောင်းနည်းနည်းနာ တာလောက် ဘဲ ခံစားရပါတယ်၊ ကုသရေးစင်တာမှတော့ တစ်ဦးလျှင်တစ်ခန်းနှုန်း နေပါတယ်၊ အပြင်ထွက် တဲ့ အခါ တိုင်းနှာခေါင်းစည်းပုံမှန်တပ်ပါတယ်၊ လက်ဆေးပါတယ်၊ စားသောက် ရေး အနေနဲ့ကတော့ နိုင်ငံတော်မှကျွေးပါတယ် တစ်နေ့(၃)ကြိမ်ကျွေးပါတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ကတော့ ကျွန်မတို့ရောက်လာတာနဲ့ဆရာဝန်တွေက ဓါတ်မှန်ရိုက်ပေး တယ်၊ သွေးစစ်ပေးတယ်၊ နောက်တစ်ခုကျတော့ ဆရာဝန်/ဆရာမတွေ ကတော့(၃)ရက် တစ်ခါ ကြည့်ပေးပါတယ်၊သူနာပြုနေ့တိုင်းကြည့်ပေးတယ်၊ အပူချိန်တိုင်းပေးပါတယ်၊ အောက်ဆီဂျင်တိုင်းပေးပါတယ်၊ ပြီးတော့ သွေးပေါင်ချိန်တိုင်းပေးပါတယ်၊ သန့်ရှင်းပိုင်း အနေနဲ့ ကတော့ ရေချိုခန်း၊ အိမ်သာ ပိုးသတ်ဆေးပုံမှန်ဖြန်းပေးပါတယ်၊ ကျွန်မထင်တာ ကတော့ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားရင်တော့ရောဂါဒဏ်ကို အများဆုံး ခံနိုင်ရည်ရှိမယ် လို့ ထင်ပါတယ်၊လက္ခဏာဆိုးဆိုးရွားရွားပြတာတွေ မရှိပါဘူး၊ ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးထားတဲ့သူတွေအတွက်ကတော့ ရောဂါအခံ ရှိမယ်ဆိုရင် လက္ခဏာအများကြီးခံစား ရမယ်လို့ ထင်ပါတယ်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ ကတော့ ကျွန်မ ပြောချင်တာက ဆေးထိုးခွင့်ရရှိတဲ့ အချိန်ကာလကျရင်ကာကွယ်ဆေး မဖြစ်မနေ ထိုးပေး ကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင်။
ဒေါ်ကေသီစိုး
(မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပေါင်မြို့နယ်)
ကျွန်မ ဘယ်လိုကူးစက်ခံရလဲဆိုတော့ ပုံမှန်အလုပ်နှင့် အိမ်ဘဲသွားပါတယ်၊ နှာခေါင်းစည်း (Mask)တပ်ပါတယ်၊ လက်ဆေးပါတယ်၊ Positive စဖြစ်တဲ့ အချိန်ဘာရောဂါလက္ခဏာမှမပြ ပါဘူး၊Positiveဖြစ်ပြီး (၃)ရက်၊(၄)ရက်ကြာမှ အနံ့နည်းနည်းစပျောက်ပါတယ်၊ တခြားကြီး ကြီး မားမားလက္ခဏာ မခံစားရပါဘူး၊ ကျွေးမွေးမှုအနေနဲ့တော့ အာဟာရစုံအောင် ကျွေးမွေး ပါတယ်၊အသား၊ငါးအသီးအနှံအစုံ ပါပါတယ်၊ မနက်တစ်ခါ၊ညတစ်ခါ ကိုယ်အပူချိန်တိုင်း ပေးပါတယ်၊ အောက်ဆီဂျင်တိုင်းပေးပါတယ်၊ သွေးပေါင်ချိန် တိုင်းပေးပါတယ်၊ နေ့စဉ် ဆောင်ရွက် ပေးပါတယ်၊ လိုအပ်တဲ့ဗီတာမင်အား ဆေးတိုက်ပါတယ်၊ ကိုဗစ်-၁၉ ကာကွယ် ဆေးမထိုးရသေးပါဘူး၊ နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်မိခင် ထိုးလို့ မရသေးတဲ့အတွက် ကိုယ်နို့တိုက်မိခင်ဖြစ်တဲ့အတွက် မထိုးရသေးပါဘူး၊ ဆေးထိုးပြီးသူနဲ့ မထိုးရသေးတဲ့သူ ကွာခြားချက်အနေနဲ့ကတော့ ကိုယ်ခံအားအပေါ်မှာ မူတည်ပါတယ်၊ ပြင်းပြင်းထန်ထန် မခံစားရနိုင်ပါဘူး၊ အဓိကပြောချင်တာကတော့ ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့လိုအပ်
ပါတယ်၊ အာဟာရပြည့်ဝစွာစားသုံးသင့်ပါတယ်၊ အသက်ရှု လေ့ကျင့်ခန်း ပုံမှန်ဆောင်ရွက် သင့်ပါတယ်၊ကျန်းမာရေးနဲ့ အညီ နေထိုင်သင့်ပါတယ်၊ ကိုဗစ်-၁၉ကာကွယ်ဆေး လူတိုင်းထိုးဖို့လိုအပ်ပါတယ်၊ထိုးခွင့် ရတဲ့ သူတိုင်း ထိုးစေချင်ပါတယ်၊ ဆေးထိုးဖို့မိမိအလှည့် မရောက်သေးစောင့်ပြီး မိမိအလှည့်ရောက်အကုန်လုံး ထိုးစေချင်ပါတယ်၊ ကာကွယ်ဆေးထိုး ထားရင် ပိုကောင်းမွန်ပါတယ်၊ ရောဂါ လက္ခဏာဖြစ်လာခဲ့ရင်ပြင်းပြင်း ထန်ထန်ဆိုးဆိုး ရွားရွား မခံစားရတော့ပါဘူး၊ကာကွယ်ဆေးထိုးခွင့်ရသည့်အချိန်တွင် ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင်။
 
ဒေါ်ဇူးပြည့်ဇင်
(မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေးမြို့နယ်)
 
ကျွန်မကူးစက်ခံရမှုကတော့ ရေးမြို့နယ်မှပြန်လာပြီးတော့ နည်းနည်း အဖျားတက် (၃)ရက်၊ (၄)ရက် လောက်အဖျားတက် ဆေးစစ်တဲ့နေရာသွား စစ်လိုက်တော့ Positive ထွက်ပါတယ်၊ ဒီစင်တာ ရောက်ပြီး လက္ခဏာ အနေနဲ့ အရသာနည်းနည်းပျက်တယ်၊ အနံ့ပျောက်တာ ဖြစ်တယ်၊အနံ့ပျောက်တာ(၃)ရက်လောက်ဖြစ်ပါတယ်၊ နောက်တော့အနံ့ ပြန်ရ လာပါတယ်။ စားသောက်မှုအနေနဲ့ကတော့ မနက်စာတစ်ကြိမ်၊ နေ့လည်စာတစ်ကြိမ်၊ ညနေစာတစ်ကြိမ် လာပို့ပါတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ကတော့မနက်တစ်ခါ၊ ညတစ်ခါကိုယ် အပူချိန် တိုင်းပေးပါတယ်၊ အောက်ဆီဂျင်တိုင်းပေးပါတယ်၊ သွေးပေါင်ချိန်တိုင်းပေးပါတယ်၊ နေ့ခင်းပိုင်းဆရာဝန်တွေ လာပြီးတော့ လိုအပ်တဲ့ဆေးဝါး လာပေးပါတယ်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးပါ ဘူး၊ ကာကွယ်ဆေးထိုးပြီးတဲ့လူနှင့်မထိုးရသေးတဲ့ လူကွာခြား ချက် အနေနဲ့ကတော့ ကာကွယ်ဆေး ထိုးပြီးတဲ့သူက လက္ခဏာပြင်းပြင်းထန်ထန် မပြတော့ ဘူး၊ ဆေးမထိုး ထားတဲ့သူ အနံ့ပျောက်၊ အရသာပျက်၊ နေမကောင်းဖြစ်မယ်၊ ချောင်းဆိုး မယ်စတဲ့ ရောဂါလက္ခဏာပြင်းထန်စွာခံစားရတယ်၊ အဲဒါကြောင့် လူတိုင်း ကိုဗစ်-၁၉ လက္ခဏာပြင်းပြင်းထန်ထန် မခံစားရအောင် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးသင့်တယ်လို့ ပြောချင်ပါတယ်ရှင်။
 
ဝါဝါလွင်၊ ဇာဖြူဝင်း