လှည်းကူး စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ စတင်ပြီး မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ငါးဆူတောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ စုရပ်တွင် အသက် ၆၅ နှစ်အထက်(၉၇) ဦး၊ သံဃာ(၂၄)ပါး၊ Volunteer(၄၉)ဦးနှင့် ကျွန်းကုန်းကျေးရှိ အ-မ-က(ကျွန်းကုန်း)စုရပ်တွင် အသက် ၆၅ နှစ်အထက် (၄၀)ဦးနှင့် Volunteer(၂၀) ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)