ရသေ့တောင် စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ နေရပ်စွန့်ခွာခိုလှုံနေကြသည့် တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများရှိ အသက်(၄၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အား သတ်မှတ် စုရပ်အသီးသီးတွင် ယမန်နေ့နံနက်ပိုင်းစ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် သတ်မှတ်စုရပ်များဖြစ်သည့် အရှေ့မြောက်ရပ်ကွက်စုရပ်၊ စေတီတောင်ဓမ္မာရုံစုရပ်၊ စေတီပြင်စုရပ်၊ လောင်းချောင်းစုရပ်၊ ကူတောင်စုရပ်နှင့် ဘာထလေစုရပ်များတွင် နေရပ်စွန့်ခွာခိုလှုံနေကြသည့် တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများမှ အသက်(၄၅)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ကြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား သတ်မှတ်စုရပ်များဖြစ်သည့် မေယုခန်းမ၊ စေတီတောင်ဓမ္မာရုံ၊ စေတီပြင်CFSI၊ လောင်းချောင်းအမက(၂)၊ ကူတောင်အကထနှင့်ဘာထလေအထက တို့တွင် တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းများရှိ နေရပ်စွန့်ခွာခိုလှုံနေကြသည့် ဒေသခံပြည်သူများအနက် အသက်(၄၅)နှစ်နှင့် အထက်ရှိသူ ဒေသခံပြည်သူစုစုပေါင်း(၈၆၁)ဦးတို့အား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)