မူဆယ်ရပ်ဝန်း နယ်စပ်ဒေသ တိုင်းရင်းသားများ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စီမံချက်ဖြင့် စတင်ဆောင်ရွက်

မူဆယ် စက်တင်ဘာ ၁၁

မူဆယ်ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ မန့်ဟီးရိုး၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်များရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးနိုင်ရေး စီမံချက်ဖြင့် တရုတ်နိုင်ငံမှ ထောက်ပံ့လှူဒါန်းသော Sinophram အမျိုးအစား ဆေးအလုံးပေါင်း(၂)သိန်းမှ ပထမအကြိမ် ရောက်ရှိလာသော ဆေးလုံး (၁၀၀၀၀) စတင်ထိုးနှံမှုကို ယနေ့စတင်ထိုးနှံနေပြီ ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ (၁၀)ရက်နေ့တွင် မူဆယ်မြို့၌ နေရာ(၅)နေရာခွဲပြီး၊ အထက(၃)၊ မူဆယ် နမ့်ခမ်းကုန်သည်ကြီးများ အသင်းရုံး၊ စိန်ရတနာ ဟိုတယ်နှင့် (၁၀၅)မိုင် မိုင်းယုအုပ်ချုပ်ရေးမှူးရုံး၊ ကုန်သွယ်ရေးဇုန်အတွင်း ပြည်သူပေါင်း ၃၀၀၀ ဦး ထိုးနှံနိုင်ခဲ့ပြီး၊ နမ့်ခမ်းမြို့နယ်တွင် စုရပ်(၃)နေရာမှ လူဦးရေ(၁၀၀၀)ဦး၊ မုံကိုးမြို့တွင် မုံးကိုးမြို့ပေါ် ရပ်ကွက်(၅)ရုံး၊ ဟေမိုးလုံကျေးရွာ(၂)နေရာစုရပ်၌ လူဦးရေ(၁၀၀၀)ဦး၊ မန့်ဟီးရိုးမြို့တွင် လူဦးရေ(၅၀၀)ဦးနှင့် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် လူဦးရေ(၅၀၀)ဦး စတင် ထိုးနှံနိုင်ခဲ့ကြောင်း သိရပါသည်။

ကိုဗစ်ကာကွယ်ဆေးကို ပြည်သူများသို့ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းအရောက် ပထမအကြိမ် ထိုးနှံမှုအား မူဆယ်ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့က ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုအားပေးကြကြောင်း သိရှိရပါသည်။

အယ်လ်စိုး