Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 11,2021
ကရင်ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၃ ဦးဆက်လက်ဝင်ရောက်
Sep 11,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့အထိ ၂၀၃ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာခြင်းဆက်လမ်းပေါ်ရှိ ရေကျော်တံတား ရေတိုက်စား
Sep 11,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ၊ ယာကြီးကုန်းကျေးရွာအုပ်စု ၊ လျှော်ကန်ကျေးရွာနှင့် ဂွေးညိုဝင်း ကျေးရွာ ဆက်သွယ်သည့် လမ်းပေါ်ရှိ ရေကျော်တံတား ရှေ့ခြေဆင်းပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ယမန်နေ့က ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၈/၂၀၂၁)တက်ရောက်
Sep 11,2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၈/၂၀၂၁)ကို စက်တင်ဘာလ(၉)ရက်၊ မွန်းလွဲပိုင်း(၁) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီ ဘုရားပရဝဏ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအား…
Sep 11,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်း ပြည့်မြို့ဦးစေတီတော်သို့ သွားရောက် ဖူးမြှော်ကာ အလှူငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်း ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ် မြစ်ခြေမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် လူနေအိမ်များ အတွင်းသို့ချောင်းရေ များဝင်ရောက်
Sep 11,2021
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြစ်ခြေမြို့၌ မိုးသည်းထန်စွာရွာသွန်း သဖြင့် လူနေအိမ် များ အတွင်းသို့ ချောင်းမကျီးချောင်းနှင့် သရက်တော ချောင်းရေ ၃ပေ မှ ၄ပေခန့်အထိ ယမန်နေ့ နံနက် ၁နာရီခန့်က မြေနိမ့်ရပ်ကွက် များသို့ ဝင်ရောက်သဖြင့် အိမ်အသုံးပစ္စည်း များနှင့် ဝန်းထရံများ ပျက်စီးမျော ပါခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသို့ ရတနာ၊ရဲတံခွန်၊ဇောတိက CSRလူမှုစီးပွား စီမံကိန်းမှ ၁၅လီတာဝင်အောက်ဆီဂျင်အိုး အလုံး(၂၀)နှင့် PPEအစုံ(၃၀၀)ထောက်ပံ…
Sep 11,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများကျန်းမာရေး စောင့်ရှောက်မှုပြုရာတွင် အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေးအတွက် ၁၅လီတာဝင် အောက်ဆီဂျင်အိုး အလုံး( ၂၀)နှင့်PPEအစုံ (၃၀၀)ကို ရတနာ၊ ရဲတံခွန်၊ ဇောတိက CSR လူမှုစီးပွားစီမံကိန်းမှ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်စိုးထံသို့ ယနေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 11,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ဒုတိယအကြိမ်အဖြစ် ဦးတည်အုပ်စုများအား ဦးစားပေးအလိုက် စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ထိုးနှံရန် ရက်ချိန်းများအလိုက် ကျန်ရှိနေသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ဂယ်ခိုဂယ်ဘား ခရစ်ယာန်ကျောင်းအတွင်း ထိုးနှံပေးခြင်းများ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25749
Page
25750
Page
25751
Page
25752
Current page
25753
Page
25754
Page
25755
Page
25756
Page
25757
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department