အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၊ ရတနာသီရိဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊သာမဏေနှင့် လူပုဂ္ဂိုလ်များအား ယနေ့နံနက် ၉နာရီအချိန်က အဆိုပါဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်းသိရသည်။
Sep 10,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်-မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လတ်တလောဖြစ်ပွားနေ သော ကိုဗစ်-၁၉ ရောဂါ ကာလတွင် တောင်သူများ ငွေရေးကြေး ရေး အခက်အခဲမရှိဘဲ အဆင် ပြေစေရန် ရည်ရွယ်၍ မြိတ်မြို့-ဈေးတန်းရပ်ကွက်၊ အရှေ့ကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း တနင်္သာရီမြို့နယ်၊ ကျေးရွာအုပ်စု(၃)စုအတွင်းမှ တောင်သူ(၁၃၆)ဦး တို့၏ မိုးစပါးဧကများ (၈၇၇)ဧကအတွက် ၂၀၂၁ ခုနှစ်၊ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် (၁၅၀၀၀၀) ကျပ်နှုန်း ဖြင့် ချေးငွေပေါင်း ကျပ်(၁၃၁၅ သိန်းနှင့် ၅၀၀၀၀)တိတိကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော ကိုဗစ်-၁၉ ထုတ်ပြန်ချက် နှင့်အညီ ယမန်နေ့က ထုတ်ချေးပေးခဲ့ကြောင်း သိရှိရ သည်။
Sep 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းမ-မိုင်းလားလမ်းပေါ်ရှိ တာပင်း ပူးပေါင်းစစ်ဆေးရေးဂိတ်အား ဖွင့်လှစ်သွားနိုင်ရေး ယနေ့ နံနက် ၈ နာရီက တာဝန်ရှိသူ များ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 10,2021
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းမြို့နှင့် နမ္မတီးမြို့တို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ် ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၉ ရက်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Sep 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် လေးမျက်နှာ မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းတွင် အသံချဲ့စက်ဖြင့် ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများမှ လှည့်လည်အသိပေးနှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။
Sep 10,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လပထမပတ်(ကဆုန်လပြည့်ကျော် ၁၀ ရက်၊ ၁၁ ရက်) တွင် ရွာသွန်းသည့် မိုးဖြင့် စိုက်ပျိုးခဲ့ကြသည့်၊ သုံးလပဲခေါ် ပင်ထောင်မြေပဲများ နှုတ်သိမ်းနေ ကြပြီးဖြစ်ကြောင်း သိရပြီး၊ မိုးဦးကောင်းသည့်အတွက် မြေပဲအထွက်ကောင်းကြပြီး ဈေးကောင်း ရရှိရန်သာ မျှော်လင့်နေကြရကြောင်း မြေပဲစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။