"ရတနာသီရိ" ရှမ်းဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေနှင့် လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ကွမ်းလုံ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၊ ရတနာသီရိဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊သာမဏေနှင့် လူပုဂ္ဂိုလ်များအား ယနေ့နံနက် ၉နာရီအချိန်က အဆိုပါဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့် အညီ ကွမ်းလုံမြို့၊ ဉာဏသိပ္ပံရပ်ကွက်ရှိ သံဃာ(၂၅)ပါးနှင့်အထက် ဝါဆိုသတင်းသုံး လျက်ရှိသော ရတနာသီရိဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရဟန်း(၄)ပါး ၊သာမဏေ(၄၀)ပါးနှင့် ကျောင်းတိုက်အတွင်းတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေကြသည့် လုပ်သား(၁၈)ဦး၊ စုစုပေါင်း(၆၂)ဦးတို့အား PCR စက်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် အာခေါင်တို့ဖတ်များ ရယူခြင်းကို စစ်ဗျူဟာမှူး၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကွမ်းလုံ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များမှ လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဖြိုးမမ(ကွမ်းလုံ)