အမြို့မြို့အနယ်နယ်သတင်းများ

Mar 18,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာအုပ်စု ခလယ့်ဒေးကျေးရွာတွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လ အတွက် ထောက်ပံ့ငွေများ ယမန်နေ့က ပေးအပ်လျက်ရှိကြောင်း သိရသည်။၊
Mar 18,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်များကို ယနေ့ နေ့လယ် ၁၂နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းသူ ကျောင်းသားများအား ဖြန့်ဝေခဲ့ကြသည်။
Mar 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့်  လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခြင်းမခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်
Mar 18,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်များကို ယနေ့ နေ့လယ် ၁၂နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းသူ ကျောင်းသားများအား ဖြန့်ဝေခဲ့ကြသည်။
Mar 18,2020
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော ၂ဝ၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဆဋ္ဌမနေ့အဖြစ် ယနေ့ နံနက် ၉ နာရီက ရပ်စောက်မြို့ရှိ စာစစ်ဌာန (၉) ခုတွင် ဆက်လက် ကျင်းပသည်။
Mar 18,2020
ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ အစားအသောက်များကို ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ/မရှိကို Mobile Laboratory Van (ရွေ့လျားဓာတ်ခွဲယာဉ်) ဖြင့် ဗန်းမော်မြို့ရှိ စားသောက်ကုန် ရောင်းချဆိုင်များ၌ အစားအသောက် နမူနာကောက်ယူ၍ ချက်ချင်း ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ဗန်းမော်မြို့ အမှတ်(၁)ဈေးနှင့် ပေါက်ကုန်း ရပ်ကွက်ရှိ ကုက္ကိုလ်တော်ဈေး၌ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 18,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာအုပ်စု ခလယ့်ဒေးကျေးရွာတွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လ အတွက် ထောက်ပံ့ငွေများ ယမန်နေ့က ပေးအပ်လျက်ရှိကြောင်း သိရသည်။၊
Mar 18,2020
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ကူးစက်ဖြစ်ပွားနေသဖြင့် ရောဂါဖြစ်ပွားမှု မရှိသေးသည့် မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မိုးညှင်းခရိုင်ရှိ ကုတင် (၁၀၀)ဆံ့ဆေးရုံတွင်လည်း အဆိုပါ ရောဂါ ထောက်လှမ်းရေးနှင့် တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် သီးသန့်လူနာခန်းအပါအဝင် ဆေးရုံသုံးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်က ယခုလ ၁၅ ရက်နေ့တွင် ပြောကြားသည်။