ကျိုင်းတုံ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းမ-မိုင်းလားလမ်းပေါ်ရှိ တာပင်း ပူးပေါင်းစစ်ဆေးရေးဂိတ်အား ဖွင့်လှစ်သွားနိုင်ရေး ယနေ့ နံနက် ၈ နာရီက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်းနှင့် တာဝန်ရှိသူများက တာပင်း ပူးပေါင်းစစ်ဆေး ရေးဂိတ် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်၍ တာပင်းဂိတ်တွင် (၆)ခန်းတွဲ ပူးပေါင်းရုံးတည်ဆောက်မည့်နေရာနှင့် ကုန်တင်ယာဉ် စစ်ဆေးရေး ဂိတ်နေရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဒေသအတွင်း ကုန်စည်စီးဆင်းမှုချောမွေ့စေရေးအတွက် ဝမ်တာပင်း ပူးပေါင်းစစ်ဆေးရေးဂိတ်ကို စက်တင်ဘာလအတွင်း အမြန်ဆုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)