ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်

 

လားရှိုး    စက်တင်ဘာ  ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ နေ့ နံနက်(၉) နာရီအချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံပွဲ အခမ်းအနားကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများထောက်ပံ့ပေးအပ်ရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက် အလှူငွေကျပ်သိန်း(၂၀၀)၊ (၄၀)လီတာဆံ့ အောက်ဆီဂျင် ဆလင်ဒါအိုးအလုံး(၃၀)၊ Flow Meter (၃၀)ခုအားလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ပလောင်ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသအတွက် Oxygen Concentrator (၄) လုံးအားလည်းကောင်း ထောက်ပံ့ပေးအပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးတာသိန်းဇော်က လက်ခံရယူခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်မြင့်မှ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွက် Oxygen Concentrator (၄)လုံးအားလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုမှ လားရှိုးခရိုင်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအတွက် အလှူငွေကျပ်(၁၀)သိန်း အားလည်းကောင်း၊ ရှမ်းပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ လားရှိုးခရိုင်အတွင်းရှိ တိုက်နယ်ဆေးရုံ(၁၀) ခုအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ငွေကျပ်(၁၀) သိန်းအားလည်းကောင်း၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ လားရှိုးမြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများနှင့် ငွေကျပ် (၁၀)သိန်း အားလည်းကောင်း ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူ များကလက်ခံရယူခဲ့သည်။ ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်အမှာ စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်