Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် တီဘီဆေးသောက်သုံးနေသူ လူနာ(၇၈)ဦးအား စားသောက်ကုန်များ ထောက်ပံ့
Sep 11,2021
စက်တင်ဘာလ ဒုတိယပတ် (စနေနေ့) တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်း အထိမ်းအမှတ်အဖြစ် ရွှေပြည်သာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် (MNNCA) တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ တီဘီဆေး သောက်သုံးနေသော လူနာ(၇၈) ဦးအား စားသောက်ကုန်များ ထောက်ပံ့ခြင်းကို ယမန်နေ့နံနက် ၁၀နာရီက အမှတ်(၂၀)ရပ်ကွက်ရှိ လူမှုအထောက်အကူပြုရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒေသခံပြည်သူ(၅၃၈၉) ဦး လာရောက်ထိုးနှံ
Sep 11,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဩဂုတ် (၂၉)ရက်နေ့က စတင်ပြီး ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးခဲ့ရာ ယနေ့အထိ စုစုပေါင်း ဒေသခံပြည်သူ (၅၃၈၉) ဦး ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ အလှူရှင်များ စုပေါင်းလှူဒါန်းထားသော အောက်ဆီဂျင်စက်ရုံ စတင်စမ်းသပ် လည်ပတ်ပွဲအခမ်းအနား ကျင်းပ
Sep 11,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အလှူရှင်များ စုပေါင်း လှူဒါန်းထားသော အောက်ဆီဂျင်ထုတ်စက်ရုံမှ အောက်ဆီဂျင် စတင်စမ်းသပ်ထုတ်လုပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ရွာလယ်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ရွှေခယ်ဇီဝိတအောက်ဆီဂျင် စက်ရုံ၌ ကျင်းပခဲ့ကြာင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံမှ ပြန်ဝင်လာသည့် နေရပ်ပြန်ပြည် (၁၆၀)ဦး အား ကိုဗစ်-၁၉ ရောဂါ ပိုးကင်းစင်သဖြင့် နေရပ်သို့ မော်တော်ယာဉ်များဖြင့်ပြန်လည်ပို့ဆောင်
Sep 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်( ၂)မှ တစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်ဝင်လာကြသည့် နေရပ်ပြန်ပြည်သူ (၁၆၀)ဦး အားကိုဗစ်-၁၉ရောဂါ ပိုးကင်းစင်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှ မော်တော်ယာဉ်များဖြင့် ယမန်နေ့ညနေက ပြန်လည်ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များနှင့် သာမဏေများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေးပေး
Sep 11,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် တတိယလှိုင်းကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော်များနှင့် သာမဏေများ ၂၅ ပါး အထက်ရှိသော ကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနိုင်ခြင်းကြောင့် ကူးစက်မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT ဖြင့် စစ်ဆေးပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဘုန်းတော်ကြီး ကျောင်းများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်ခြင်းနှင့် ရွှေနတ်တောင် အောက်ဆီဂျင်စက် တပ်ဆင်နေမှု ကြည့…
Sep 11,2021
မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည့် မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တဆင့်နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိ
Sep 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်က ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက် လာ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ ၊ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်
Sep 11,2021
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင် နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန် များ ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိ ပြီး ယနေ့နံနက် ၈ နာရီတွင် လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ၊ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25698
Page
25699
Page
25700
Page
25701
Current page
25702
Page
25703
Page
25704
Page
25705
Page
25706
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department