တနင်္သာရီ စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်-မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လတ်တလောဖြစ်ပွားနေ သော ကိုဗစ်-၁၉ ရောဂါ ကာလတွင် တောင်သူများ ငွေရေးကြေးရေး အခက်အခဲမရှိဘဲ အဆင် ပြေစေရန် ရည်ရွယ်၍ မြိတ်မြို့-ဈေးတန်းရပ်ကွက်၊ အရှေ့ကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း တနင်္သာရီမြို့နယ်၊ ကျေးရွာအုပ်စု(၃)စုအတွင်းမှ တောင်သူ(၁၃၆)ဦး တို့၏ မိုးစပါးဧကများ (၈၇၇)ဧကအတွက် ၂၀၂၁ ခုနှစ်၊ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်း ဖြင့် ချေးငွေပေါင်း ကျပ်(၁၃၁၅ သိန်းနှင့် ၅၀၀၀၀)တိတိကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော ကိုဗစ်-၁၉ ထုတ်ပြန်ချက်နှင့်အညီ ယမန်နေ့က ထုတ်ချေးပေးခဲ့ကြောင်း သိရှိရ သည်။
ယင်းသို့ မိုးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူများ၏ လယ်ယာမြေ ပိုင်ဆိုင်မှုပုံစံ(၇)အရ လယ်မြေတစ်ဧကလျှင် ကျပ်(၁၅၀၀၀၀)နှုန်းဖြင့် အများဆုံး(၁၀)ဧကအတွက်
ထုတ်ပေးပေးခြင်းဖြစ်ကြောင်း၊ အရှေ့မော်တုန်းကျေးရွာအုပ်စုအတွင်းမှ တောင်သူ(၅၂)ဦး၏ မိုးစပါးဧက(၂၈၆)ဧကကို လည်းကောင်း၊ သာရဘွင်ကျေးရွာအုပ်စုအတွင်းမှ တောင်သူ(၆၇)ဦး၏ (၅၁၀)ဧကနှင့် အနောက်မော်တုန်း ကျေးရွာအုပ်စု အတွင်းမှ တောင်သူ(၁၇)ဦး၏ (၈၁)ဧက စုစုပေါင်း တောင်သူ(၁၃၆)ဦးတို့၏ မိုးစပါးဧကပေါင်း (၈၇၇)ဧကအတွက် ထုတ်ချေးငွေကျပ် (၁၃၁၅ သိန်းနှင့် ၅၀၀၀၀) တိတိကို ထုတ်ချေးပေးခဲ့ကြောင်း၊ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စု များမှ တောင်သူများကိုလည်း ဆက်လက်ထုတ်ချေးပေးနိုင်ရန်အတွက် တနင်္သာရီမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံ ညှိနှိုင်း တင်ပြထားကြောင်း မြိတ်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရ သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)