အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂-ခုနှစ် မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပြီး  လျာထားစိုက်ဧကပြည့်မီရေးနှင့် စိုက်ပျိုး‌ရေးလိုအပ်ချက်မရှိစေရေးအတွက် မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေ ပေးဝေ သည့်မြောင်များတွင် ရေပေးဝေသည့်ရက်ပတ်အလိုက် အလှည့်ကျ ပေးဝေးလျက်ရှိကြောင်း သိရှိရသည်။
Sep 09,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသနိုင်ရန် အတွက် ခရီးသွား မိဘပြည်သူများအား RTD(Tset Kit)ဖြင့် စစ်ဆေးခြင်းကို ယနေ့နံနက် ၇နာရီခွဲအချိန်က မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး (Sinopharm) ပထမအကြိမ်  ထိုးနှံပေးခဲ့သော အသက်(၆၅)နှစ်အောက် ရဟန်း သံဃာတော်များ၊ ဝန်ထမ်းများ ၊ ရပ်ကွက် အတွင်းရှိ  ဈေးရောင်းချသူများ၊ ရေယာဉ် လုပ်သားများ၊ ဆိုင်ကယ် Taxi မောင်းသူများ ၊ စိုက်ပျိုး မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ရေလုပ်သားများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်း ကို ယနေ့နံနက်  (၁၀) နာရီမှ စ၍   အမှတ်(၃)ရပ်ကွက် ပြင်စလူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ကို  ထိုးနှံပေး လျက်ရှိ ကြောင်းသိရသည်။
Sep 09,2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက် ၀န်း)ခွင့်ပြုရန်ပုံငွေဖြင့် ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ ဖန်ခိုင်(၁)ကျေးရွာဘက်စုံသုံးခန်းမဆောက်လုပ် လျက်ရှိရာ စက်တင်ဘာ(၈)ရက်နေ့တွင်လုပ်ငန်း၏(၂၅)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
Sep 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ ၆ နာရီအချိန်ကကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အလှူငွေနှင့်ပစ္စည်း များပေးအပ် ပွဲနှင့် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုတို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Sep 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါင်းတည်မြို့နယ်တွင် ကိုဗစ် -၁၉ကာကွယ်ဆေးထိုးရန် ဝန်ထမ်းများနှင့် ပြည်သူများအား ယမန်နေ့က  အ.ထ.က မင်းကွက် ၂ ရပ်ကွက်၌ ဒုတိယအကြိမ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပရဟိတအဖွဲ့များသို့ ပခုက္ကူမြို့ ပရဟိတအဖွဲ့မှ Oxygen 15L(၁၀)လုံးကို ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းသည်။
Sep 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ နိုင်ငံ့၀န်ထမ်းများ၊ စက်ရုံ ၊ အလုပ်ရုံများမှ၀န်ထမ်းများ၊ ပရဟိတ အသင်း၀င်များ၊လူမှုရေးအသင်းအဖွဲ့များအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက် ရှိရာ ယနေ့ နံနက်(၉)နာရီမှ စတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။