Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နယ်စပ် ဒေသ မုံးကိုးမြို့၌ တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ်ထိုးနှံပေး
Sep 10,2021
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၂)ရပ်ကွက်နှင့်အမှတ်(၅)ရပ်ကွက်ရှိ ကာကွယ်ဆေး ထိုးရန် စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ယနေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်ဘန်းကုန်းကျေးရွာသို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် Mobile Test Kits စစ်ဆေးရေးယာဉ်ဖြင့်သွားရောက်စစ်ဆေး
Sep 10,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် Mobile Test Kits စစ်ဆေးရေးယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့နယ်ဘန်းကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kits ဖြင့်အခမဲ့စစ်ဆေးပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့ ဝမ်ပုံကျေးရွာတွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 10,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ် ၊ ဝမ်ပုံကျေးရွာအုပ်စု ရှိ ဝမ်ပုံကျေးရွာအား ကျေးရွာမြေငှားဂရန်ရရှိရေးစီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များ ၊ ရပ်မိရပ်ဖများပါဝင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ နေအိမ် များသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာမှ ထွက်ရှိသော ဆေးပစ္စည်း အမှိုက်များအား ရှင်းလင်းသိမ်းဆည်း
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း နှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတို့၌ စုရပ်များ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ် ထားသော ဦးစားပေးအစီ အစဉ်အလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ ၉ ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူ၁၉၃၄ ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Sep 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏရေးနှစ် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေကျပ် သိန်း (၁၀၀)စီဖြင့် ကျေးရွာ(၄)ရွာတွင် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ Stay Home 4U Project အဖွဲ့က အခြေခံလူတန်းစားများအား စားနပ်ရိက္ခာ များထောက်ပံ့လှူဒါန်း
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် လက်လုပ် လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအား ယမန် နေ့ ညနေပိုင်းက Stay Home 4U Project အဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ် အောက်စီဂျင်စက်ရုံတည်ဆောက်ရေးအဖွဲ့မှ အောက်ဆီဂျင်များ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိ
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်မှ ကိုဗစ်လူနာများနှင့် အရေးပေါ်လူနာများ လတ်တစ်လော အောက်ဆီဂျင်လိုအပ်မှုများကို အစဥ်ပြေစေရန်အတွက် မြို့နယ် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအဖွဲ့မှ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီက ပြည်သူ့ဆေးရုံကြီးရှေ့တွင် အောက်ဆီဂျင်များ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ လက်ကမ်းစာစောင် များ ဖြန့်ဝေ
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံသားများမကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသည့် နေရာများ ဖြစ်သော အထက(၁၆)ကျောင်း၊၊အမှတ်(၁၂)ရပ်ကွက်ဒေသန္တာရကျန်းမာရေးဆေးခန်းတို့တွင် ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25683
Page
25684
Page
25685
Page
25686
Current page
25687
Page
25688
Page
25689
Page
25690
Page
25691
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department