နတ်မောက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် Mobile Test Kits စစ်ဆေးရေးယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့နယ်ဘန်းကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kits ဖြင့်အခမဲ့စစ်ဆေးပေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် နတ်မောက်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဘန်းကုန်းကျေးရွာရှ ိဒေသခံပြည်သူ(၂၂၀)ဦးတို့အား ဘန်းကုန်း ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၂)ဦးရှိပြီး အဆိုပါပိုးတွေ့လူနာများအား ဘန်းကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကိုဗစ်စင်တာဖွင့်လှစ် ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက် များနဲ့အညီ ဆေးကုသမှုခံယူ လျက်ရှိကြောင်းသိရသည်။
လှဝင်း