နမ့်စန်(တ) စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ် ၊ ဝမ်ပုံကျေးရွာအုပ်စု ရှိ ဝမ်ပုံကျေးရွာအား ကျေးရွာမြေငှားဂရန်ရရှိရေးစီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များ ၊ ရပ်မိရပ်ဖများပါဝင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ နေအိမ် များသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုး ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဝင်း နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျေးရွာမြေငှားဂရန် လျှောက်ထား နိုင်ရေးအတွက် မြေပြင်တည်ရှိမှုအခြေအနေ၊ မြေရာဇဝင်မှတ်တမ်းများ၊ မြေယာပိုင်ဆိုင်မှု အထောက်အထားများ၊ မြေယာပိုင်ဆိုင်မှုစာရင်းဇယားများကိုစနစ်တကျ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်