Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းဘူးမြို့ပေါ်ရှိ စာသင်တိုက်(၃)ကျောင်းနှင့် သီလရှင်ကျောင်း တစ်ကျောင်းအတွက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Sep 10,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းနှင့် သီလရှင်ကျောင်း တစ်ကျောင်းတို့မှ ဝါတွင်းကာလ သတင်းသုံးနေထိုင်တော်မူကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများအတွက် ဝါတွင်းကာလနှင့် ကိုဗစ်-၁၉ ကာလ ဆွမ်းအခက်ခဲမဖြစ်ပေါ် စေရန်အတွက် ဌာနဆိုင်ရာ များစုပေါင်းပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ကျောင်းတိုက် များသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများသိ ရှိစေရေး အသိပေးလိုက်လံနှိုးဆော်
Sep 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုလျော့နည်းစေရေးအတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး လိုက်လံအသိပေးနှိုး ဆော်မှုအား ယနေ့ နေ့ နံနက် ၉ နာရီအချိန်တွင် မြို့ပေါ်/ရပ်ကွက်များ နှင့်မြို့မဈေးကြီးအတွင်း အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် ဆင်ဖြူရှင်စခန်းမှ အကျဉ်းသား(၁၅၃)ဦးအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထပ်မံထိုးနှံပေး
Sep 10,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သိန်းခွန်းကျေးရွာအုပ်စု ထုံခါရွာရှိ အကျဉ်းဦးစီးဌာန ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း (ထုံခါ)ရွာရှိ လုပ်အားရှင် အကျဉ်းသား(၁၅၃)ဦးတို့အား (ဒုတိယ)အကြိမ်၊ ကိုဗစ်ကာကွယ်ဆေးကို စခန်းတာဝန်ခံရုံးအတွင်း ယမန်နေ့က ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ကိုဗစ်ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် အစုအဝေးနေထိုင်လျက်ရှိသည့်နေရာများအား ကိုဗစ်ရောဂါရှိ/မရှိ မိုဘိုင်းစနစ်ဖြင့် လိုက်လံစစ်ဆေးပေး
Sep 10,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး၊ ရောဂါကူးစက်မှု မပြန့်ပွားစေရေးအတွက် အစုအဝေးဖြင့် နေထိုင်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ ပရိယတ္တိ စာသင်တိုက်၊ သီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာတို့ရှိ သံဃာတော်များ၊ သီလရှင်များနှင့် သက်ကြီး ဘိုးဘွားများအား ကိုဗစ်ရောဂါရှိ/မရှိကို ယနေ့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဉီးဆောင်၍ မိုဘိုင်းစနစ်ဖြင့် လိုက်လံစစ်ဆေးပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ယာဉ်မတော်တဆမှုဖြစ်ပွားရာ ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးအား ကြက်ခြေနီအသင်း(အင်းစိန်)မှ ရှေးဦးပြု စုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ဆေးရ…
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ယမန်နေ့ညက ယာဉ်မတော်တဆ မှုဖြစ်ပွားကြောင်းသိရသဖြင့် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူများက အချိန်နှင့်တစ် ပြေးညီသွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့ပြီး ဒဏ်ရာရရှိသူကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Sep 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စုအတွက် သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က ပလောက်မြို့ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာခန်းမ၌ ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၄၆၃၆ ဦးထိရှိပြီးဖြစ်
Sep 10,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေးအုပ်စုတွင် ပါဝင်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးခြင်းကို သတ်မှတ်ထားသည့် စုရပ်နေရာများ ၌ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
Sep 10,2021
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသည့် အသက်(၆၅)နှစ်နှင့် အဘိုးအဘွားများ၊ ဦးတည်အုပ်စုများအလိုက်ပါဝင်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း ယနေ့ နံနက်(၈)နာရီမှစတင်ကာ မြို့နယ် ရာပြည့်သာသနာ့ဗိမာန်တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25681
Page
25682
Page
25683
Page
25684
Current page
25685
Page
25686
Page
25687
Page
25688
Page
25689
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department