လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ လက်ကမ်းစာစောင် များ ဖြန့်ဝေ

လှိုင်သာယာ(အနောက်ပိုင်း)    စက်တင်ဘာ   ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံသားများမကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသည့် နေရာများ ဖြစ်သော အထက(၁၆)ကျောင်း၊၊အမှတ်(၁၂)ရပ်ကွက်ဒေသန္တာရကျန်းမာရေးဆေးခန်းတို့တွင် ဖြန့်ဝေခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးကိုကို၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများက ပြည်သူများ လက်ဝယ်အရောက် လက်ကမ်း စာစောင်(၃၀၀)ကို တစ်နေရာလျှင် စောင်ရေ (၁၅၀)နှုန်းဖြင့် ဖြန့်ဝေခဲ့ပြီးအဆိုပါ လက်ကမ်းစာစောင် တွင် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းအထောက် အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသ/လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်း/ ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ခြင်း၊ နေထိုင်မှုပုံစံများအလိုက် ဆောင်ရွက်ပေးရာမည့် အမျိုးအစား (၄)မျိူး စသည့် အချက်များ ပါဝင်သည့် စာစောင်ကို ကိုဗစ်၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝေလွင်ကျော်