Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုသိမ်ကြီးမြို့နယ်အတွင်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က…
Oct 15,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူလျက်ရှိသည့် မဲကင်းကုန်းကျေးရွာအုပ်စု၊ ဇီးချိုကုန်းကျေးရွာအုပ်စုနှင့် ရှင်တော်ကုန်းကျေးရွာအုပ်စုရှိ မင်္ဂလာရန်ကင်း ပြည်သူအငှားအိမ်ရာသို့ ယမန်နေ့မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အတွင်းရေးမှူး ဦးသန်းထွန်းအောင်၊ အဖွဲ့ဝင် ၂ ဦးတင်မောင်ဝင်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေယံမင်း၊ အတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စာရင်းစစ်/ စာရင်းကောက်များ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်ခရိုင်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ကြီးကျေးရွာသုတ စာကြည့်တိုက်သို့ကွင်းဆင်းကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်…
Oct 15,2024
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည်နှင့်အညီ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ၏ လိုအပ်ချက်များကို ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ်ပေးနိုင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင် စာရေးဆရာ ကိုရွှေအောင်သင်း ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ပိန္နဲကုန်းကျေးရွာအုပ်စု၊ အင်ကြီးကျေးရွာရှိ သုတစာကြည့်တိုက်သို့ သွားရောက်ကွင်းဆင်းကာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအပါအဝင် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှီးနှောဖလှယ်ပွဲ အခမ်းအနားကျင်းပ
Oct 15,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားပြုလုပ်
Oct 15,2024
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက…
Oct 15,2024
နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသမ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအမှူးပြုသော ဆရာတော်ကြီး(၉)ပါး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နင်းဘိုမြို့တွင် အောက်တိုဘာ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ရန်အတွက် ယမန်နေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စ…
Oct 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းကြီးမှ ကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ နေပြည်တော်၌ ကျင်းပလျက်ရှိ
Oct 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယမန်နေ့နံနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Signing Room ၊ Banquet Hall ၊ Plenary Hall ၊ News Briefing Room တို့တွင်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံ၊ နေပြည်တော် အမျိုးသားစာကြည့်တိုက်ခန်းမ၊ နေပြည်တော်အမျိုးသားပြတိုက်၊ နေပြည်တော် စည်ပင်သာယာကော်မတီ လေဟာပြင် ကဇာတ်ရုံတို့တွင်လည်းကောင်း အသီးသီးကျင်းပလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့်စန္ဒာမုနိဘုရား (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ
Oct 15,2024
မန္တလေး ရတနာပုံ မြို့တည်နန်းတည်၊ ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားတို့၏ (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀×၁၂ လမ်းကြား၊ ၆၂×၆၆ လမ်းကြားရှိ အဆိုပါကုသိုလ်တော်ဘုရားမုခ်ဦးရှေ့တွင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2565
Page
2566
Page
2567
Page
2568
Current page
2569
Page
2570
Page
2571
Page
2572
Page
2573
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department