အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေးအတွက် အခြေခံပညာအထက်တန်း ဆင့်သင် ဆရာ/မများ အရည်အသွေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့၊ အ.ထ.က(၁) ကျောင်း၊ ချင်းတွင်းမြစ် ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်နေ့နံနက်က ၁၀ နာရီက ဟင်္သာတမြို့နယ် တောင်ကလုံကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ ကွင်းအမှတ်(၁၅၉၂)၊ ဦးပိုင်အမှတ် (၇၆/၂)၊ တောင်သူ ဒေါ်ညိုညိုဆန်း၏ လယ်မြေ ၁၀ ဧကတွင် ပြုလုပ်ခဲ့သည်။
Oct 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းရာသီ၌ ပဲမျိုးစုံဧက ၁၉၀၀၀ ကျော် စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Oct 19,2025
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
Oct 19,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊  ဆရာမကြီး (၂၅၉) ဦးတို့အား ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေဖြင့် (၂၂) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ချောင်းဆုံ(အထက)ကျောင်း သီရိ ရတနာခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားကို ဆရာ၊ ဆရာမများမှ “ဦးခိုက်လျက်ပါ မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
Oct 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်အတွင်းနှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်က ပြည်တော်သာရပ်ကွက် ဇောတိကဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 19,2025
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခြင်းကိုယနေ့ နံနက်ပိုင်းက ရင်းငြိမ်တောင်ကျေးရွာ ၌ပြည်နယ်သမဝါယမဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများ၊ ရင်းငြိမ်တောင်ကျေးရွာ၊ ရွှေချမ်းသာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလိမိတက်ရှိ အသင်းသားပိုင်လယ်များ သို့ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။