ပေါင်မြို့နယ်၌သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

ပေါင်  အောက်တိုဘာ  ၁၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခြင်းကိုယနေ့ နံနက်ပိုင်းက ရင်းငြိမ်တောင်ကျေးရွာ၌ ပြည်နယ်သမဝါယမဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်ဝန်ထမ်းများ၊ ရင်းငြိမ်တောင်ကျေးရွာ၊ ရွှေချမ်းသာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလိမိတက်ရှိ အသင်းသားပိုင်လယ်များ သို့ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ကြည့်ရှူရာတွင် သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ်သမဝါယမဦးစီးဌာန မှတာဝန်ရှိသူများသည် ပေါင်မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေအနေများကိုကွင်းဆင်းစစ်ဆေးခဲ့ရာ ရင်းငြိမ်တောင်ကျေးရွာ၊ ရွှေချမ်းသာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း လိမိတက်ရှိ အသင်းသားပိုင်လယ်တွင် မိုးစပါးများဖြစ်ထွန်း နေမှုအားကြည့်ရှု့ခြင်းနှင့် စပါးရိတ်သိမ်းချိန် အလေအလွင့်မရှိစေရေး၊ ပန်းတိုင် အထွက်နှုန်းရရှိနိုင်စေရန် အချိန်မီရိတ်သိမ်းရေး၊ လုပ်ငန်းများစနစ်တကျ အကောင် အထည်ဖော်နိုင်ရေးလိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရပါသည်။

မွန်မလေး(ပြန်/ဆက်)