ဟင်္သာတ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်နေ့နံနက်က ၁၀ နာရီက ဟင်္သာတမြို့နယ် တောင်ကလုံကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ ကွင်းအမှတ်(၁၅၉၂)၊ ဦးပိုင်အမှတ် (၇၆/၂)၊ တောင်သူ ဒေါ်ညိုညိုဆန်း၏ လယ်မြေ ၁၀ ဧကတွင် ပြုလုပ်ခဲ့သည်။
မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူးဦးစောဝင်းရွှေနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းမှုတွင် ဟင်္သာတမြို့နယ်၊ တောင်ဂလုံကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာရှိ ကွင်းအမှတ်(၁၅၉၂)၊ ဦးပိုင်အမှတ်(၇၆/၂)ရှိ တောင်သူဒေါ်ညိုညိုစန်း ပိုင် လယ်မြေ(၁၀)ဧက၌ စိုက်ပျိုးထားသော ရွှေဧရာစပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားတစ်ဧကလျှင် စပါးအစို(၁၁၇.၈)တင်းနှင့် စပါးအခြောက်(၁၀၉.၀၄)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက် (ဟင်္သာတ)