အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2024
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ​​ယနေ့ နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ်ကြည့်ရှု အားပေးခဲ့ကြသည်။
Oct 14,2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်းရပ်ကွက်များဖြစ်သော အမှတ်(၄၊၆၊၇)ရပ်ကွက်များကို ချိတ်ဆက်ထားသည့် ဘားအံမြို့ပတ်လမ်းသစ်အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖောက်လုပ်အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Oct 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များရှိ အဆောက်အဦများ၊ လူနေအိမ်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ဟင်္သာတခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 14,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မုန့်လုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
Oct 14,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် သြဂုတ်လနှင် စက်တင်ဘာလအတွင်း မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် မြို့သာယာလှပရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို လမ်းညွှန်မှုဖြင့် နေ့စဥ် နေ့မအားညမနား အလှည့်ကျတာဝန်များခွဲ၍ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
Oct 14,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မိုးစပါး (၇၃၅၁၄) ဧက စိုက်ပျိုးခဲ့ကြပြီး သဘာဝဘေးအန္တရာယ် လွတ်ကင်းခဲ့ကာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။