ဟုမ္မလင်း အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေးအတွက် အခြေခံပညာအထက်တန်း ဆင့်သင် ဆရာ/မများ အရည်အသွေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့၊ အ.ထ.က(၁) ကျောင်း၊ ချင်းတွင်းမြစ် ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲကို ခရိုင်ပညာရေးမှူးရုံးကကြီးမှူး၍ သင်တန်းနည်းပြဆရာမများသည် ဟုမ္မလင်း ဒီဂရီကောလိပ်ဆရာမများက ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး၊ သင်တန်းသား၊ သင် တန်းသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ (၁၈) ဦး၊ မော်လိုက်ခရိုင်ရုံးမှ (၅) ဦး၊ ဟုမ္မလင်းခရိုင်မှ (၅၃) ဦး တက်ရောက်သင်ကြားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်ကြားမည့် ဘာသာရပ်မှာ ဓာတုဗေဒ၊ ရူပဗေဒ၊ဇီဝဗေဒဖြစ်ပြီး သင်တန်းကာလာမှာ အောက်တိုဘာလ(၁၈)ရက် နေ့(၁၉)ရက်နေ့ထိ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)