ကလေးမြို့တွင် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ကလေး အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင် ကစားသမားများမှ အားကစားသစ္စာဓိဋ္ဌာန် ရွက်ဆိုခဲ့ကြသည်။ ထို့နောက် ကလေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်ကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ပိုက်ကျော်ခြင်း ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆ သင်းတို့၏ အုပ်စုပွဲ အဖွင့်ပွဲစဥ်အဖြစ်  ပညာရေးအသင်းနှင့် Scorpion အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)