၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းအမည်ထည့်သွင်းရန်ကျန်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား မဲစာရင်းတွင်ပါဝင်နိုင်ရန်အတွက် ဆောင်ရွက်

ကသာ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းအမည်ထည့်သွင်းရန် ကျန်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား မဲစာရင်းတွင်ပါရှိနိုင်ရန်အတွက် ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်/မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ (ပထမအကြိမ်) မဲဆန္ဒရှင်မဲစာရင်းတွင် ထည့်သွင်းဖော်ပြခံရခြင်းမရှိခဲ့သည့် ဒေသခံ ပြည်သူများ၊ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များအားပုံစံ(၃)၊ ပုံစံ(၃-က)၊ပုံစံ(၁၅)တို့ဖြင့် လာရောက်လျှောက်ထားသူများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နေ့ချင်းပြီးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲစာရင်းတွင်အမည်ပါရှိရန် တောင်းဆိုလွှာပုံစံဖြင့် လာရောက်လျှောက်ထားသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး ဦးစောနေသားနှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် မိဘပြည်သူများ၏ လိုအပ်ချက်များကိုလည်း ခရိုင်/မြို့နယ်အ‌ထွေထွေ ရွေးပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)