ရွှေသောင်ယံ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်ကမ်းခြေတွင် အောက်တိုဘာ ၁၉ ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ဧရာဝတီလင်းပိုင် ဟု ခန့်မှန်းရသည့် ရေသတ္တဝါတစ်ကောင် ကမ်းတင်သေဆုံးလျက်ရှိသည်ကို တွေ့ရသည်။
သို့ရာတွင် အဆိုပါသတ္တဝါကမ်းတင်ရာနေရာသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သိန်း၊ ရွှေသောင်ယံမြို့၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးဦးဆန်းဝင်းတို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သော တိုင်းထွာမှုများပြုလုပ်ချက်အရ အလျှား(၈)ပေ၊ လုံးပတ် (၄)ပေ (၅)လက်မ၊ ရေယက်(၁)ပေ၊ ဆူးတောင် (၈)လက်မ၊ အမြီး(၂)ပေ(၃)လက်မရှိ ဧရာဝတီ လင်းပိုင်ဟုယူဆရသော နို့တိုက်ရေသတ္တဝါဖြစ်ကြောင်း သိရသည်။
ထို့နောက် အဆိုပါသတ္တဝါအား ငါးလုပ်ငန်းဦးစီးဌာနမှ စနစ်တကျမြေမြှုပ်စွန့်ပစ်နိုင်ရန် ချောင်းသာမြို့ မွေးမြူရေးနှင့်သုတေသနစခန်းသို့သယ်ယူ၍ နေ့လယ် (၁၂)နာရီအချိန်တွင် စနစ်တကျ မြေမြှုပ်စွန်ပစ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမောင်