မိတ္ထီလာမြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာဖြင့် အချိန်မီစနစ်တကျပြုစုပြီးစီးရေး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကြည့်ရှုစစ်ဆေး

မိတ္ထီလာ အောက်တိုဘာ ၁၉

မိတ္ထီလာမြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာဖြင့် အချိန်မီစနစ်တကျပြုစုပြီးစီးနိုင်ရေးဆောင်ရွက်နေမှုကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၏ အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ဦး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနန္ဒကျော်သူ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာခရိုင် ဦးစီးမှူး ဦးနိုင်ဝင်းကျော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

၎င်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို မှန်ကန်စွာစိစစ်ပြုစုရေးနှင့် အချိန်မီ စနစ်တကျဆောင်ရွက်ပြီးစီးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ