ပင်လောင်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူငယ်စကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးကိုယ်စား အလယ်တန်းပြဆရာမ ဒေါ်ညိုညိုထွေးက အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းစတင်ပြုလုပ်ရာ Grade-10 မှ မောင်ဘုန်းဝင့်ဇော်က “လူငယ်နှင့်ဆေးလိပ်အန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 မှ နန်းဇင်ဝင့်နှင်းက “လူငယ်နှင့်ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 မှ မောင်ရဲရင့်နိုင်က “လူငယ်နှင့်စည်းကမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မရည်မွန်ဆွေက “လူငယ်နှင့်ပရဟိတစိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ဥက္ကာကျော်က “လူငယ်နှင့်ကျော်ကြားမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မနှင်းထက်က “လူငယ်နှင့်စာပေမြတ်နိုးမှုစိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးချက်များအပေါ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက ပါဝင်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများနှင့် စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရှိသည်။
မြို့နယ် (ပြန်/ဆက်)