ဒိုက်ဦးမြို့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းခွဲ (ပဲခူး)တို့မှ ပူးပေါင်းကွင်းဆင်းဆေးကုသ

ဒိုက်ဦး အောက်တိုဘာ ၁၉

ပဲခူးတိုင်း‌‌ဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အမှတ်(၇)စက်ကွင်းရပ်ကွက်၊ သီရိမင်္ဂလာပရိယတ္တိစာသင်တိုက်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ဦးစီးဌာနမှူးဦးစီး၍ စတုတ္ထအကြိမ်မြောက်ဆေးကုသမှု ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါပူးပေါင်းကွင်းဆင်းကုသပေးမှုကို ယမန်နေ့နံနက်ပိုင်း(၈)နာရီမှ(၁၂)နာရီထိ ကုသပေးရာတွင် ဒူးနာခါးနာရောဂါ၊ ဇက်ဂျီးပေါင်းရောဂါ၊ လက်ကပ်ရောဂါ၊ အကိုက်အခဲရောဂါ၊ အဆစ်‌ရောင်ရောဂါနှင့် အခြားရောဂါဝေဒနာများအား ဆေးကုသခဲ့ကြောင်းနှင့် ဆေးကုသမှုခံယူသူ(၁၇၀)ဦးရှိကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များက ဆေးကုသမှုခံယူသူပြည်သူများနှင့် ဆေးကုသမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)