မိုင်းယောင်း စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄ ဦး တွေ့ရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ကိုးဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Fever Clinic ၌ စက်တင်ဘာ ၁၂ ရက်က အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ကိုးဦး တို့အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၅)ရပ်ကွက်မှ အမျိုးသား တစ်ဦး၊ မုန်းလိုက်အုပ်စုမှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး၊ ဝမ်တပ်အုပ်စုမှ အမျိုးသား လေးဦးနှင့် အမျိုးသမီး လေးဦးတို့ထံတွင် Positive တွေ့ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ အတည်ပြုလူနာ ၂၈၄ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူ ၁၈၄ ဦး၊ နှစ်ဦး သေဆုံးပြီး လက်ရှိတွင် အတည်ပြုလူနာ ၉၈ ဦး ကျန်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း