သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ ပြည်သူသို့ အခြေခံ စားသောက်ကုန်လှူဒါန်း

သံဖြူဇရပ် စက်တင်ဘာ ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ယမန်နေ့ နေ့လည်က  ကိုဗစ်-၁၉  ကာလအတွင်း ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ ပြည်သူများထံသို့ အခြေခံစားသောက် ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များကို ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ ပူးပေါင်းပါဝင် လှူဒါန်းပေးသည့်  ဆန်နှင့် မီးဖိုချောင်သုံး ပစ္စည်းများအား အိမ်ထောင်စု(၁၅၀)ကို အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)