ပုလော စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုး အဘွား များနှင့် ဦးစားပေး အဆင့်လိုက် ပြည်သူများအား ယနေ့၊နံနက်ပိုင်းက ပုလော မြို့နယ်ပြည်သူ့ဆေးရုံတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိရာတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်၍ စက်တင်ဘာလ (၁) ရက်နေ့မှ (၁၂)ရက်နေ့ အထိ ပုလောမြို့နယ်၌ ကျား (၂၆၃၆) ဦး၊မ (၂၁၆၄) ဦး စုစုပေါင်း (၄၈၀၀)ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရ သည်။
အေးအေးမော် (ပုလော)