Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် စားစရိတ်လှူဒါန်း
Sep 14,2021
ကျောက်မဲခရိုင်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအားအတွက် အလှူငွေ ၁၁၅,၀၀၀ ကျပ်ကို ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ တာဝန်ရှိသူထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းနှင့် ပေးအပ်ပွဲပြုလုပ်
Sep 14,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းနှင့် ပေးအပ်ပွဲပြုလုပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းက အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦး ဆေးရုံဆင်းခွင့်ရရှိ
Sep 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ တစ်ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Sep 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်စိုးမှကြီးကြပ်၍ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက မဲဇလီကျေးရွာရှိ ပြည်သူများအား အဆိုပါရုံးတွင်လူဦးရေစာရင်းနှင့် နိုင်ငံသား စီစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၊ ဖောင်းတောရွာကျောင်းတိုက်များရှိ သံဃာတော်များနှင် လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ရောဂါကွင်းဆက်ပြတ်စေရန် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းစစ်ဆေးပေးရာ စုစ…
Sep 14,2021
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကွင်း ဆက်ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် ဖောင်းတောကျေးရွာကျောင်းတိုက်များရှိ သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့ အား Mobile Test Kit Teamအဖွဲ့က RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ က မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင် မှုဖြင့် ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်တွင် သံဃာတော်များ Covid-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Sep 14,2021
သံဃာတော်များအား Covid-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၄ရက်နေ့ နံနက် ၉နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် မြောက်ရပ်ကွက်ရှိ မိုးထားကျောင်းတိုက် "ပရိယတ္တိသာသနဗိမာန်" တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ လေးမျက်နှာမြို့နယ် ကိုဗစ်စင်တာများရှိ ကိုဗစ်လူနာများအား နေ့လည်စာအဟာရလှူဒါန်း
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ (Positive) လူနာများအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီ၏ အာဟာရဒါနလှူဒါန်းမှုအား ပေးအပ်ခြင်းကို ယနေ့ နံနက်(၇)နာရီ အချိန်ကလေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံနှင့် အိုင်သပြု တိုက်နယ်ဆေးရုံတို့၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၁) နာရီအချိန်က ပြည်ထောင်စု လမ်းနှင့် စည်ပင်လမ်းတစ်လျှောက်ရှိ ပျက်စီးနေသော လမ်းချိုင့်များအား ဖာထေးပြုပြင်ခြင်းများ ပြုလုပ် ဆောင်ရွက်ကြ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25534
Page
25535
Page
25536
Page
25537
Current page
25538
Page
25539
Page
25540
Page
25541
Page
25542
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department