Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး အခမဲ့စစ်ဆေးပေးလျက်ရှိ
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး အခမဲ့စစ်ဆေးပေးလျက် ရှိသည်။ ယနေ့နံနက် ၈နာရီမှ စတင်၍ ဘီးလင်းတန်းရပ်ကွက် ပေါက်ကုန်းဆင်ဖြူရှင်ကျောင်းရှိ သံဃာတော်များ ဓမ္မစန္ဒာလမ်းမှ ပြည်သူများ၊ စိန်တီဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် ရိပ်သာဝန်ထမ်းများ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ရတနာဘဏ်သို့ လာရောက်သည့် တောင်သူများနှင့် ငွေထုတ်သူတို့အား RDT Test Kit ဖြင့် ကွင်းဆင်း စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လှည့်လည်အသိပေးနှိုးဆော်
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နေ့လည်ပိုင်းက အသံချဲ့စက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန နှင့်ပူးပေါင်း၍ခရိုင် ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများမှ လှည့်လည်အသိပေးနှိုးဆော်ကြေညာခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ် ရေကာတာဆောင်ရွက်မှုတွင် ဆုံးရှုံးနစ်နာခဲ့သည့် တောင်သူများအား လယ်ယာမြေ နစ်နာကြေးပေးအပ်
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေး ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ ဦးဆောင်ပြီး စစ်တောင်းမြစ် ရေကာတာဆောင်ရွက်မှုတွင် ဆုံးရှုံးနစ်နာခဲ့သည့် တောင်သူများအား လယ်ယာမြေနစ်နာကြေးပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ ဆန်၊ ဆီနှင့် ကြက်ဥများကို ရွေ့လျားစျေးကားစနစ်ဖြင့် စျေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချပေး
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံစားသောက်ကုန် များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီ၌ ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေအုန်းပင်အိမ်ရာတွင်လည်းကောင်း၊ နံနက်(၉)နာရီတွင် အမှတ်(၁၃)ရပ်ကွက် စည်ပင်အိမ်ရာဝင်းအတွင်း၌လည်းကောင်း ဆန်၊ ဆီ သယ်ယူ ပို့ဆောင်ရေးနှင့် ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Sep 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကျိုင်းတောင်းမြို့ နယ်မြေရဲစခန်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Sep 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက နေအိမ်အရောက် သွားရောက်ကာ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်ဆည်ကြီးကျေးရွာ Quick Win မိုးနှောင်းဝါမျိုးစေ့ထုတ်ဧက ၁၅၀ စံပြကွက်၌ ကွင်းသရုပ်ပြပွဲ အပင်ရွက် ဖျန်းအားဆေးများထောက်ပံ့ခြင်းနှင့် စိုက်ပျိုးရေးအသိပညာပ…
Sep 14,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆည်ကြီး(မ)ကျေးရွာ Quick Win မိုးနှောင်းဝါမျိုးစေ့ထုတ်ဧက ၁၅၀ စံပြကွက်ကွင်းသရုပ်ပြပွဲတွင် အပင်ရွက်ဖျန်း အား ဆေးများ ထောက်ပံ့ခြင်းနှင့်စိုက်ပျိုးရေး အသိပညာပေးခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက အဆိုပါစံပြကွက်ကွင်းအမှတ် ၁၈၂၃ ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူမှပြည်သူသို့ အခြေခံစားသောက်ကုန် လှူဒါန်း
Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့၊အမှတ်(၁)ရပ်ကွက်တွင် ယနေ့ နံနက်၉နာရီခန့်က ကိုဗစ်-၁၉ကာလအတွင်း ပြည်သူမှပြည်သူသို့ အခြေခံစားသောက်ကုန် များ လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25535
Page
25536
Page
25537
Page
25538
Current page
25539
Page
25540
Page
25541
Page
25542
Page
25543
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department