Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာဘာသာ၊ ပိုးကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 14,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် စာရေးဝန်ထမ်းများက မြန်မာဘာသာ၊ ပိုးကရင် ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့နယ် ၌ကိုဗစ်-၁၉ ရောဂါအတည်ပြုအမျိုးသမီးလူနာ(၁)ဦး ထပ်မံတွေ့ရှိ
Sep 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့မွန်းလွဲပိုင်းက သီပေါမြို့နယ်၊ မိုင်းလာမြို့မှကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံသို့ကျန်းမာရေးမကောင်းသဖြင့် လာရောက်ပြသသူအမျိုးသမီးအားမြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများမှကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီးကိုဗစ်-၁၉ရောဂါရှိ/မရှိRDTစက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါအမျိုးသမီးထံ၌ ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်၌ ခေမာလင်္ကာရကျောင်းတိုက်နှင့် ကြယ်တံခွန်သီလရှင်ကျောင်းတိုက်ရှိ သီလရှင်များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Mobile စနစ်ဖြင့် ကွ…
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကံမြင့်ကျေးရွာရှိ ခေမာလင်္ကာရ ကျောင်းတိုက်နှင့် ကြယ်တံခွန်သီလရှင်ကျောင်းတိုက်ရှိ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ခေမာလင်္ကာရ ကျောင်းတိုက်တွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားအင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သက္ကယ်ချောင်း ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်၌ “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ထောင်ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်း တစ်ရာကျော် ဆောင်ရွက်ပြီးစီး
Sep 14,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးက “ပန်းခင်း”စီမံချက်ဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ထောင် ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းတစ်ရာကျော် ဆောင်ရွက်ပြီးစီးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် သင်ပုတ်ကျေးရွာတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့်အချက်များ သိရှိစေရေး အသိပညာပေးနှိုးဆော်
Sep 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သင်ပုတ်ကျေးရွာတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ သင်ပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးသံချောင်းနှင့် ကျေးရွာလူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ ကျေးရွာအတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 14,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ" လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ " ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၈နာရီခွဲအချိန်က အမှတ် ၉ရပ်ကွက်နှင့် ကုန်းခလာကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ
Sep 14,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော် ၊ ဇေယျာသီရိမြို့ နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25538
Page
25539
Page
25540
Page
25541
Current page
25542
Page
25543
Page
25544
Page
25545
Page
25546
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department