အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့် မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် Wheel Chairs ပေးအပ်လှူဒါန်းခြင်း အခမ်းအနား တီးတိန်၌ ပြုလုပ်

တီးတိန် ဖေဖဝါရီ ၂၅


ချင်းပြည်နယ် တီးတိန်မြို့၌ အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးအသိပညာပေး ဟောပြောပွဲနှင့် တီးတိန်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် Wheel Chairs ပေးအပ်လှူဒါန်းခြင်းကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး (Dingdi Dream Organization နာယက) ဒေါက်တာအန်နာရွှေလွှမ်း ဦးဆောင်ပြီး မြို့မ BAG အသင်းတော်ဘုရားကျောင်း၌ ယမန်နေ့က ပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ သိက္ခာတော်ရ ဆရာခိုင်ခန့်ဆွင်းက ဆုတောင်းမေတ္တာပို့သပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒေါက်တာ အန်နာရွှေလွှမ်းက အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး အသိပညာနှင့် ပတ်သက် ၍ ဟောပြောသည်။

ထို့နောက် အလှူရှင်များက လှူဒါန်းသော Wheel Chairs ၁၂ လုံးအား မသန်စွမ်းသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒိုင်ဒိမ့်(ပြန်/ဆက်)