နမ့်ဆန်၌ (Novel Corona Virus) ကြိုတင်ကာကွယ်​​ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်

နမ့်ဆန် ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ကုသရေးဦးစီးဌာမှ ဝန်ထမ်းများတို့က (Novel Corona Virus) ကြိုတင်ကာကွယ်​​ရေး လုပ်ငန်းအဖြစ် ခရီးသည်ကားများနှင့် ကုန်တင်ယာဉ်များတွင် လိုက်ပါလာသော ခရီးသည်များတို့ကို ကျန်းမာရေးစစ်ဆေးခြင်းများ ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် (Novel Corona Virus ) ကြိုတင်ကာကွယ်ရေး ကော်မတီအဖွဲ့ဝင် ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ငွန်ဆိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နမ့်ဆန်ဌာန ပြည်သူ့စစ်တို့ ပူးပေါင်း၍ နမ့်ဆန်မြို့ ဝင်/ထွက် နေရာများတွင် မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲနှင့် အခြားသော မြို့နယ်များမှ  ဝင်ရောက်လာသည့် ခရီးသည်တင် ယာဉ်များ၊ အခြား ကုန်တင်ယာဉ်များနှင့် ဆိုင်ကယ်များဖြင့် ဝင်ရောက်လာကြသည့် ခရီးသည်များတို့ကို တရုတ်နိုင်ငံမှ ဝင်ရောက်လာသော ခရီးသည်များ ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် လိုက်ပါလာသည့်ခရီးသည် (၄၅)ဦးအား အပူချိန်တိုင်းစက်ဖြင့် တိုင်းတာခြင်း၊ အသိပညာပေးခြင်း၊ အသိပညာလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာ ထူးခြားမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)