ရေတာရှည် စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့မနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး တိုက်တွန်းနှိုးဆော်ရာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန် အတွက် လိုက်နာရမည့် အချက်များ၊ ကြိုတင် ရှောင်ရှားရမည့် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို မြို့အတွင်း လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်း၌ ယမန်နေ့က RDT Test kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးမှု(၈၇) ဦးတွင် ပိုးတွေ့လူနာ(၁) ဦး၊ ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်း ခွင့်ပြုခဲ့သူ (၁၂)ဦး ရှိကြောင်းနှင့် ယနေ့အချိန်အထိ ရေတာရှည်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာ (၁၅၂ဝ)ဦးရှိပြီး ဆေးရုံဆင်း (၁၄၁၅)ဦး၊ ဆေးကုသမှုခံယူလျက်ရှိသူ(၇၁)ဦး၊ သေဆုံး(၃၄)ဦး ဖြစ်ကြောင်း သိရသည်။
အေးဆု