ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

ကျေးသီး  စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ကျေးသီးမြို့နယ်ပြည်သူ့ဆေးရုံ၌ စက်တင်ဘာ ၁၈ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သည့် နားဖာကျေးရွာ၊ ဟာဝမ်ကျေးရွာအုပ်စု၊ ကျေးသီးမြို့နေ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ထိတွေ့ဆက်စပ်သူ မိသားစုဝင်(၂)ဦးအား စက်တင်ဘာလ (၁၉) ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDTစက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါ(၂)ဦးထံ၌ ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်းသိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိခဲ့သည့် အသက်(၈)နှစ်အရွယ် ကိုရင်(၁)ပါးနှင့် အသက်(၆၅)နှစ်အရွယ် အမျိုးသမီး (၁)ဦး ပေါင်း(၂)ဦးအား (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ သီးသန့်ဆောင် (lsolationWard) တွင် ထားရှိဆေးကုသသွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၁၃)ဦး ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

နန်းမွမ်းဆိုင်(ကျေးသီး)